Pages

Blogger templates

Sunday, January 8, 2012

528 မျက်နှာဖုံး


ငါ့ရဲ့နှလုံးသား မင်းရဲ့အပြုံးကြားမှာ

လုံးလုံးလျားလျား

ဆုံးပါးသွားခဲ့တာ ချစ်ခြင်းတရားတွေပေါ့ ။

ငါလေ

အာဒံနဲ့ ဧဝကိုလဲ အားမကျတော့ဘူး

ဧဒင်ဥယျဉ်ကြီးကိုလည်း မရောက်ဖူးချင်တော့ဘူး

ရိုမီယိုနဲ့ ဂျူးလီယက်ကိုလဲ စိတ်ကူးမယဉ်မိတော့ဘူး။

တချိန်က ၅၂၈ မျက်နှာဖုံးပါးပါးလေးအောက်မှာ

လွမ်းဖို့ မပြင်ဆင်ရသေးပေမဲ့

ဝေးဖို့ မတွေးရဲသေးပေမဲ့

ချစ်လို့ ငေးးးးးးးကြည့်ခဲ့ရ။

အပြုံးချင်းဖလှယ်ရုံနဲ့  ငါတို့ နှလုံးသားချင်း

နီးစပ်သွားတတ်ရင် ကောင်းသားလို့ …..

စိတ်ကူးယဉ်လို…..ယဉ်

ဖြူစင်တဲ့ ၅၂၈ ဆိုတာကို

မသိစိတ်နဲ့ 

တိတ်တိတ်လေး အရောင်ဆိုးမိတဲ့ ….ငါ

ဝေးရမှာကြောက်တဲ့ စိတ္တဇအတွေးတွေနဲ့ 

ချစ်ဖို့ တောင် ထိတ်လန့် နေမိခဲ့တဲ့….ငါ

ငါမသိလိုက်တဲ့

အမှတ်တမဲ့နေ့ လေး တနေ့ မှာ

ငါ့နှလုံးသားတခုလုံး

အံဝှက်လွဲမိတာလား။

အထိတ်တလန့် ငုံ့ ကြည့်မိတော့

ငါ့နှလုံးသား တစ်စုံက

၁၅၀၀ အံဝှက်တခုမှာ

ပြို … လဲ …ကျ … ဆင်း… သွားလေရဲ့။

..........................................................................................

1 comments:

မက်မွန်ချို said...

ချစ်တဲ့..လိပ်မလေး...နာနင့်ကိုအမြဲချစ်နေမယ်...နင့်နားမှာအမြဲရှိနေမယ်
အားပေးနေမယ်နော်.........

Post a Comment