Pages

Blogger templates

Wednesday, January 11, 2012

မျက်ဝန်းစိမ်း......သို့ ဘာသာပြန်ခြင်း........

နေဆယ်စင်းပူမှ

နွေ..............မဟုတ်ပါဘူး

အရမ်းချစ်တတ်တဲ့ငါ့အတွက်တော့

နင့်ရဲ့ မဲ့ပြုံးလေးတစ်ချက်

အကြည့်စိမ်းစိမ်းလေး တခတ်နဲ့တင်

ငါ့အတွက်နွေရယ်ပါပဲ.......

ကျေနပ်တယ်မဟုတ်လား

ရက်စက်ခြင်းလက်တွေနဲ့..

ငါ့ရင်ကို..........ဆွဲခွာ

စိမ်းကားတဲ့ မြားအစူးစူး

ငါ့ရင်ကို....ပစ်ခတ်

ငါမနှစ်သက်ခဲ့လဲ့ ကျေနပ်စွာ

ခံယူရုံပဲပေါ့...........ချစ်သူရယ်

တကယ်ချစ်လျှင်

သခင်ဘာလို့ စိမ်းရက်ပါသလဲ..

တွယ်ရစ်ငင်သခင့်မျက်ဝန်းရယ်ကြောင့်

နွယ်သစ်ပင်အခက်စိမ်းစိမ်းဝေသလိုနဲ့

သခင်ရယ်.........

တွယ်မိတဲ့ သခင့်အပြုံး

နှလုံးသားမှာ ထုံးစေတော့...

အခက်စိမ်းစိမ်း အ၇ွက်စိမ်းစိမ်းဝေတဲ့

သစ်ပင်လို သခင့်မျက်ဝန်းရယ်နဲ့

ခုတော့လေ..............

မြတ်နိုးမိသမျှ.............စိမ်း.....

P . S . စိတ်ကူးနဲ့ အသဲကွဲပြိးကဗျာလေးရေးမိတာပါ....အတွေးနဲ့အသဲကွဲမိတာတောင် ရင်မှာ ခါးတယ်.......... :)

လိပ်ကလေး.....

၂၁ . ၇ .၂၀၁၁

ညနေ ၅ နာ၇ီ ၃၄ မိနစ်

0 comments:

Post a Comment