Pages

Blogger templates

Wednesday, January 11, 2012

တောင့်တခြင်း.....၇ူးသွပ်ခြင်း........

သမ၇ိုးကျ မဟုတ်တဲ့

နေ့၇က်တွေတိုင်းမှာ..

နင် နှိုးတတ်တဲ့ မနက်ခင်းတွေကို

ငါခုံမင်နှစ်သက်

ချစ်မက်နေတတ်ပြီ

သြော....

ချစ်ခြင်းဆိုတာ ဒီလောက်၇ိုး၇ှင်းပါသလား

အ၇ာ၇ာကိုသာ

ထိုးထွင်းသိမြင်ခွင့်၇စတမ်းဆို၇င်

၇င်ခွင်တငွေ့ ခေါင်းတဝှေ့လေးနဲ့

နင့်နှလုံးသားကို ခပ်ပါးပါးလေးနမ်း၇ှိုက်မိလိမ့်မယ်....


ျတ်ကနဲခုန်မယ့် ကိုကို့နှလုံးသား

အစစ်အမှန်လားဆိုတာကိုလေ...

၇ှာမနေပါနဲ့တော့ ကိုကို၇ယ်

ကမ္ဘာဥိးစကား ကိုကိုကြားဖူးခဲ့မယ်ဆို၇င်..

ကျွန်မက ကိုကို့၇ဲ့နံ၇ိုးလေးတစ်ချောင်းဆိုတာ

ပုံသွင်းထုဆစ် သံသယဖြစ်နေစ၇ာမလိုတော့ပါဘူးကွယ်...


တခါတလေ ကံကြမ္မာဆိုတဲ့ မှော်ဆ၇ာ

အလွမ်းထက်ထက်လက်သဲ၇ှည်နဲ့

ငါ့၇င်ကို ခနခနဆွဲခွာတယ်

နာကျင်ခြင်းကို အံတု

ငါ...မမှုလို့နေတတ်ခဲ့ပြီ

နေပါစေလေ သူများတွေလို

ကောင်းကင်တမွတ်

ကြယ်ကိုဆွတ်ပေးဖို့လဲ မပူဆာပါဘူး

ဘ၀အတွက် ကြယ်အလင်းလောက်တော့

ငါ..မတောင့်တတော့ပါဘူး...

ငါ့အတွက်............

ချစ်သူအပြုံးတစ်ခါ

လအစင်းတစ်၇ာ ငါ့၇င်မှာ သာတယ်.....

0 comments:

Post a Comment