Pages

Blogger templates

Wednesday, January 11, 2012

ကောင်းကင်ကကြယ်တစ်စင်း ကျွန်မရဲ့ချစ်ခြင်းတွေပေါ့ ကိုကို၇ယ်...........

ညတော့ ညပါပဲ

ဒါပေမဲ့ ....လခြမ်းကွေးကွေးကငါ့ကို

ခပ်ယဲ့ယဲ့လေးပြုံးပြနေတဲ့ ည

သြော......

လောကမှာ ပြိးပြည့်စုံမှုဆိုတာ

ထာဝရဘယ်၇ှိနေနိုင်ပါ့မလဲလေ....

ကံကြမ္မာဆိုတဲ့ ငနဲကိုယ်တိုင်ကိုက

မီးစ တဘက် ရေမှုတ်တဘက်ကို အသင့်ကိုင်ထားမှတော့

နင့်နဲ့ပတ်သတ်တဲ့ အဆုံးစွန်း မျှော်လင့်ခြင်းဆိုတာ

ငါ့အတွက် ရေပေါ်အ၇ုပ်ေ၇းသလိုပါပဲလေ........

ညကောင်းကင် နင့်ရင်ခွင်မှာ ငါလတစ်စင်းလို

မတောက်ပနိုင်ပေမဲ့ ကြယ်တစင်းလိုတော့

လင်းလက်နေခွင့်ရချင်နေသေးတယ်

ကြည့်စမ်းပါဥိးလေ........

ါ့ချစ်ခြင်းတွေကို ကောင်းကင်ပေါ်ကျဲပက်ထားလိုက်တာ

ညနက်နက်အချိန်တွေတိုင်း အလင်းငွေ့ငွေ့နဲ့

နင့်ရင်ခွင်ကိုထွေးပွေ့ဆော့မြူ ချင်လို့လေ......

မပိုင်ဆိုင်နိုင်ရင်နေ လတစ်စင်းလိုယစ်မူးလင်းလက်ခွင့်မရှိ၇င်ရင်နေ

နင့်အတွက်အမြဲလင်းမယ့် ကြယ်လေးတွေပါလေ

မတော်တဆ နာကျင်မှုတွေကြုံလာတိုင်း ကောင်းကင်ကိုသာ

နင်မော့ငေ့းကြည့်.......

ငါ့ချစ်ခြင်းကြယ်စင်တွေကနင့်ရင်ခွင်ကို

တစင်းပြိးတစင်း ကြွေကျဖို့အသင့်ရှိနေလိမ့်မယ်...

နင့်ရဲ့ နောက်ဆုံးးးးးးးးးးး

ထွက်သက်ယဲ့ယဲ့လေးမှာသာ....

ကျွန်မ့ကိုသဲ့သဲ့ကလေးသတိရလိုက်စမ်းပါ

ဘယ်တော့မှမမှိန်ဖျော့မယ့်လင်းလက်ခြင်းမျိုးနဲ့ ကြယ်တစ်စင်းက

နင့်ရင်ခွင်ကို ခုန်ဆင်းလာခဲ့လိမ့်မယ်.........

လိပ်ကလေး

ည ၁၁ နာ၇ီ ၂၅ မိနစ်

၁၂ နိုဝင်ဘာ ၂၀၁၁

0 comments:

Post a Comment