Pages

Blogger templates

Wednesday, January 11, 2012

အလွမ်း၏ မြစ်ဖျားခံ၇ာဒေသသည်အချစ်ဖြစ်သည်။

တထိတ်ထိတ် ခုလှုပ်နေတဲ့

သွေးကြောတွေက ဘယ်ဘက်၇င်အုံကို

၇ိုက်ခတ်မိ၇င် လွမ်းတယ်........လွမ်းတယ် ဆိုတဲ့

အလေ့ကျ၇စ်သမ်တစ်ခုဖြစ်နေခဲ့တာကြာပါပြီ

နေပါစေလေ

ခါးသက်သက်အလွမ်းတွေကို

ခံနိုင်ရည်၇ှိဖို့

၇င့်ကျက်တဲ့နှလုံးသားတစ်ခု တော့လိုလိမ့်မယ်

ဘုရားသခင်.......

လူသားတွေကိုတကယ် ဂရုဏာသက်တော်မူု၇င်

အလွမ်းနဲ့ နာကျင်ခြင်းတွေကိုပါ

ပယ်ဖျောက်ပေးတော်မူပါ........

နင်နဲ့ငါ.....

ရင်ခုန်သံချင်းတူလို့ ဘ၀ချင်း

ကြိုးညှိကြမယ်ဆို၇င်တောင်

တို့နှစ်ယောက်ကြား ကံကြမ္မာဆိုတဲ့ နံ၇ံ

ခပ်ပါးပါးလေးခြားထားသေး၇ဲ့

လောကမှာ အချစ်တစ်ခုတည်းနဲ့တင် ပြီးပြည့်စုံမယ်ဆို၇င်

ချစ်သူတွေ၇ဲ့ မျက်၇ည်ဆိုတာ

ေ၇ွှထက်ရှားကုန်မှာပေါ့ ကွယ်.........

အလွမ်းရဲ့မြစ်ဖျားခံ၇ာ ဒေသကကအချစ်ဖြစ်ခဲ့မယ်ဆို၇င်

ဝေးကွာခြင်း ဂယက်တွေ နဲ့တိုးမတိုက်မိဖို့

သခင့် ရင်ခွင်မှာ ကမ်းကပ်ခွင့်ပြုပါ သခင်

ခုတော့........

နီးစပ်မှု မနီးစပ်ကအသာထား

ပစ္စုန်ပ္ပန်ရဲ့အလွမ်းတွေက ငါ့ရင်ကို

နဲနဲလေး ခါး...........တယ်။

လိပ်ကလေး

ည ၁ နာ၇ီ ၃၇ မိနစ်

၂၈ . ၁၀ . ၂၀၀၁၁

0 comments:

Post a Comment